ရေနံချောင်း ၂၅ မတ်

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်သည့် အနေဖြင့် ရေနံချောင်းမြို့ရှိ အဝင်အထွက်ကားများမှ ခရီးသည်များအား ကျန်းမာရေးစစ်ဆေးခြင်းများကို မတ် ၂၆ ရက်မှစ၍ စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

251

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းထွန်းတို့က ခရီးသည်မော်တော်ယာဉ်ဂိတ်မှူးများ၊ မြို့နယ်မော်တော်ယာဉ်ကြီးကြပ်ရေး ကော်မတီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြို့အဝင်အထွက်ကားများမှ ခရီးသည်များအား COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ကာ သံသယလက္ခဏာတွေ့ရှိပါက ဆက်လက်ခရီးသွားခွင့် ပြုမည်မဟုတ်ကြောင်း သိရသည်။

 

518

 

အစည်းအဝေးသို့ ရေနံချောင်းမြို့နယ် ခရီးသည်တင် မော်တော်ယာဉ်ကားဂိတ်များမှ ဂိတ်မှူးများ တက်ရောက်ပြီး ကားဂိတ်နှင့် မော်တော်ယာဉ် အတက်အဆင်းများတွင် ခရီးသည်များ လက်ဆေးနိုင်ရန် စီစဉ်ထားရှိပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ကိုစိုးကြီး