COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ငဖဲမြို့မစျေးကြီးအတွင်း ပိုးသတ်ဆေးဖျန်း

ငဖဲ ၂၇  မတ်                     

           

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်မော်မော်လွင် ဦးစီးသော ဝန်ထမ်းများအဖွဲ့သည် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ငဖဲမြို့မစျေးကြီးအတွင်း သား၊ ငါး ရောင်းချသည့်နေရာများနှင့် လူအများ သွားလာသည့်နေရာများအား ဆေးကြောသန့်စင်ပြီး ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက စျေးပိတ်ချိန်တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

           

ထို့ပြင် လူစည်ကားရာ နေရာများဖြစ်သော စျေး၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်အဖြစ် လက်ဆေးဘေစင်များ ထားရှိခြင်း၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရန်၊ ရှောင်ရန်အချက်များကို မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ထားကြောင်း သိရသည်။

 

မယု(ငဖဲ)