မုံရွာ  ၂၃  မတ်

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူများမှ ပူးပေါင်းပါဝင်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဉီးစီးဌာနမှ ဒုတိယတိုင်းဉီးစီးမှူး ဒေါက်တာ လင်းလင်းအေးက COVID-19 ရောဂါ၏ အဓိကလက္ခဏာများ၊ ကူးစက် ဖြစ်ပွားမှုများသော နိုင်ငံများအခြေအနေ၊ ရောဂါကူးစက်ပုံ၊ ကမ္ဘာတစ်ဝန်းလုံးတွင် ရောဂါဖြစ်ပွားမှု အခြေအနေများအကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများအလှူရှင် ဦးမျိုးဝင်းလေးက COVID-19 ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။

 

‌ေ

 

အစည်းအဝေးတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ မိမိတို့၏ လုပ်ဆောင်ချက်၊ လိုအပ်ချက်များကို ရှင်လင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

‌ေ

 

ထို့နောက် အလှူရှင် ဉီးမျိုးဝင်းလေး က COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများကို တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကာ ဆွေးနွေးပွဲမှရရှိလာတဲ့ ကောင်းမွန်တဲ့ရလဒ်တွေကို အသုံးချပြီး တိုင်းဒေသကြီးအတွင်းမှာ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်၊ ထိန်းချုပ်ကုသခြင်း လုပ်ငန်းတွေကို ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထွန်းကိုကို(ယင်းမာပင်)