မန္တလေး ၂ အောက်တိုဘာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ Covid-19 ရောဂါ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းကူညီဆောင်ရွက်ရန် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း (Myanmar Private Hospitals’ Association) ကိုယ်စားပြု၍ မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံများဖြစ်သော ငြိမ်းဆေးရုံ၊ ကံ့ကော်ဆေးရုံ၊ အာရောဂျံဆေးရုံ၊ ပန်းလှိုင်ဆေးရုံ၊ မန္တလာဆေးရုံ၊ မြတ်တော်ဝင်ဆေးရုံ၊ မြို့တော်ဆေးရုံနှင့် Grand Mandalay ဆေးရုံတို့မှ စေတနာ့ဝန်ထမ်း ဆရာဝန်၊ သူနာပြုများသည် ယနေ့ နံနက် ၇ နာရီက မဟာအောင်မြေမြို့နယ် သိပ္ပံလမ်းရှိ မြို့တော်ဆေးရုံစုရပ်မှတစ်ဆင့် ရန်ကုန်မြို့သို့ ထွက်ခွာကြရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်၊ ဆေးတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာခင်မောင်လွင်နှင့် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း (မန္တလေး)မှ ဆေးရုံအုပ်ကြီးများက ဂုဏ်ပြု၍ ပို့ဆောင်နှုတ်ဆက်ကြသည်။
မောင်ပြည်သူ(မန္တလေး)