၅ ဒီဇင်ဘာ
ပြည်သူများအား နှိုးဆော်ခြင်း မိမိတို့နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုအား ဆက်လက် ထိန်းချုပ်ထားနိုင်ရန်အတွက် အနည်းဆုံး အောက်ပါအချက် (၄) ချက်ကို ကိုယ်တိုင်မဖြစ်မနေ လိုက်နာကျင့်သုံးရုံသာမက မိမိ၏မိသားစုဝင်များနှင့် အခြားသူများပါ လိုက်နာကျင့်သုံးစေရန် တိုက်တွန်းပေးပါ။
(က) တတ်နိုင်သမျှ မိမိတို့၏နေအိမ်တွင်သာနေထိုင်ပြီး လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြပါရန်။
(ခ) ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို လူစုလူဝေးရှိရာနေရာများသို့ သွားသည့်အခါတိုင်း မဖြစ်မနေ တပ်ဆင်ကြပါရန်။
(ဂ) အခြားသူများနှင့်တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ပါရန်။ ဖြစ်နိုင်ပါက အနည်းဆုံး (၆) ပေအကွာမှသာ နေထိုင်ပြောဆို ဆက်ဆံကြပါရန်။
(ဃ) လက်ကို ရေနှင့်ဆပ်ပြာအသုံးပြု၍ စက္ကန့် (၂၀) ကြာအောင် စနစ်တကျ မကြာခဏဆေးကြောရန် (သို့မဟုတ်) လက်သန့်စင် ဆေးရည်နှင့်ဆေးကြောကြပါရန်။ ။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန


