ရန်ကုန် ၁၈ ဧပြီ
၁။ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၏ (၁၈-၄-၂၀၂၀) ရက်နေ့၊ (ဒုတိယအသုတ်) စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၉၄) ခုအနက် (၂) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ)ပြီး ကျန်လူနာ (၉၂) ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ) ပါ။
၂။ အဆိုပါလူနာ (၂) ဦးကို သက်ဆိုင်ရာဆေးရုံများသို့လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည်ဖြစ်ပါသည်။
၃။ (၁၈-၄-၂၀၂၀) ရက်နေ့၊ COVID-19 ရောဂါအတွက် (ပထမအသုတ် + ဒုတိယအသုတ်) ဓာတ်ခွဲစစ်ဆေးမှုတွင် တွေ့ရှိခဲ့သော လူနာသစ် (၄) ဦးအား (ဇယား-၁) တွင် ဖော်ပြထားပါသည်။
၄။ ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၉၈) ဦးရှိပြီဖြစ်ပါသည်။
Credit: ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန