(၉-၅-၂၀၂၀) ရက်နေ့၊ ည (၉:၀၀)နာရီ

 

၁။ (၉-၅-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ဒုတိယအသုတ် အဖြစ် ဓာတ်ခွဲနမူနာ (၁၈၀) ခု ကို စစ်ဆေးပြီးစီးခဲ့ရာတွင် -

 

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။

 

၂။ (၉-၅-၂၀၂၀) ရက်နေ့၊ ည (၉:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၇၈) ဦးရှိပြီဖြစ်ပါသည်။

 

၃။ ယနေ့အထိ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၆၈) ဦးရှိပါသည်။ ၎င်းတို့အနက် (၄၆) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

 

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

 

၅။ (၉-၅-၂၀၂၀) ရက်နေ့ COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ပထမအသုတ်နှင့် ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၃၆၈) ခုနှင့် ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၈၅) ခု၊ စုစုပေါင်း (၄၅၃)ခု အား စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။

 

၆။ ယနေ့အတွက် ဓာတ်ခွဲအဖြေသတင်းများ ထပ်မံထုတ်ပြန်ရန် မရှိတော့ပါ။

 

Ref:ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန