mdn

၁။ (၂၅-၄-၂၀၂၀) ရက်နေ့၊ ည နှင့် (၂၆-၄-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယ + တတိယအသုတ်) နှင့် ဆေးသုတေသနဦးစီးဌာန (DMR) မှ (ဒုတိယအသုတ်) ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲအဖြေများတွင် -

 

• COVID-19 ရောဂါပိုးတွေ့ရှိမှု (လူနာသစ်) = (၂) ဦး ထပ်မံတွေ့ရှိခဲ့ပါသည်။

 

၂။ သို့ဖြစ်ပါ၍ (၂၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၆) ဦး တွေ့ရှိခဲ့ပြီဖြစ်ပါသည်။

 

၃။ (၂၅-၄-၂၀၂၀) ရက်နေ့အတွက် ဓာတ်ခွဲစစ်ဆေးမှုများကို -

 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၃၇၂) ခုအား (၃) သုတ်ခွဲ၍ လည်းကောင်း၊

 

ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၅၄) ခုအား (၂) သုတ်ခွဲ၍ လည်းကောင်း စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

 

၄။ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦးအား သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်းကုသမှုပေးသွားမည်ဖြစ်ပါသည်။

mdn

 

mdn