နေပြည်တော် ၂၀ ဧပြီ

 

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၂၀-၄-၂၀၂၀) ရက်နေ့၊ (ပထမအသုတ်) စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၁၈၁) ခုအနက် (၆) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပြီး ကျန် (၁၇၅) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ) ပါ။

 

mdn

 

 

၂။ အဆိုပါ လူနာသစ် (၆) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည်ဖြစ်ပါသည်။

 

၃။ ယနေ့ ည (၈:၀၀)နာရီ အထိ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၁၇) ဦးရှိပြီဖြစ်ပါသည်။

 

mdn

 

၄။ ယခုအခါ မြန်မာနိုင်ငံရှိ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်သူ (၉)ဦး ရှိလာခဲ့ပြီး ၎င်းတို့အနက် (၄) ဦးအား ယနေ့ (၂၀-၄-၂၀၂၀) ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သဖြင့် ဆေးရုံဆင်းသူ စုစုပေါင်း (၆)ဦး (Case-003၊ Case-004၊ Case- 007၊ Case-009၊ Case-021၊ Case-015) ရှိပြီဖြစ်ပါသည်။ သို့သော်လည်း ၎င်းတို့အား သတ်မှတ်ရက်ပြည့်သည်အထိ အသွားအလာ ဆက်လက် ကန့်သတ်ထားပါသည်။ ဝေဘာဂီ အထူးကုဆေးရုံကြီးရှိ လူနာ (၂)ဦးအား အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှုပေးလျက်ရှိပြီး ကျန်လူနာအားလုံး၏ ကျန်းမာ‌ရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပါသည်။

 

Ref; Ministry of Health and Sports, Myanmar