၁။ ယမန်နေ့ (၁၂-၉-၂၀၂၀) ရက်နေ့တွ် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် တွေ့ရှိခဲ့ရသည့် COVID-19 လူနာများတွေ့ရှိမှုအခြေအနေများကို ဖော်ပြအပ်ပါသည်။
၂။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အသက် (၇၅) နှစ်အရွယ် အမျိုးသား (Case-2523) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ သွေးဆိပ်သင့်ခြင်း၊ အသည်းရောင်အသားဝါရောဂါ (စီပိုး) ကုသမှုခံယူနေရခြင်းတို့ကြောင့် (၁၂-၉-၂၀၂၀) ရက်နေ့၊ ည (၈:၁၀) နာရီအချိန်တွင် သေဆုံး သွားခဲ့ပါသည်။
၃။ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အရိုးပွရောဂါ၊ သွေးတိုးရောဂါအခံရှိသူ အသက် (၉၀) နှစ်အရွယ် အမျိုးသမီး (Case-2260) သည် ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းရောဂါဖြင့် (၁၃-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၅၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။
၄။ သို့ဖြစ်ပါ၍ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူစုစုပေါင်း (၁၈) ဦး ရှိပြီဖြစ်ပါသည်။
#Ministry_of_Health_and_Sports