COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၄-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

 

၁။ (၁၄-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် ဆေးသုတေသနဦးစီးဌာန (DMR) မှ စစ်ဆေး ပြီးစီး ခဲ့သော ဓာတ်ခွဲနမူနာ (၁၅၁) ခုတွင် -

 

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရပါ။

 

၂။ (၁၄-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၈၁) ဦးရှိပြီဖြစ်ပါသည်။

 

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်းများ၏ ဓာတ်ခွဲနမူနာများစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၅) ဦး (Case - 44, 55, 92, 95 နှင့် 127) ရှိခဲ့သဖြင့် (၁၄-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၈၄) ဦးရှိပါသည်။ ၎င်းတို့အနက် (၇၁) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်၍ ဆက်လက်စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

 

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

 

၅။ (၁၃-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၄-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၈၂) ဦး ရှိပါသည်။

 

Crd > Ministry of Health and Sports, Myanmar