၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၅-၄-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းအထိ စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သက်ထားသူ များ စုစုပေါင်း (၂,၈၄၁) ဦး၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးခဲ့ရာ (၇၄) ဦးတွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့ပြီး (၂,၇၆၇)ဦးတွင် ရောဂါပိုးမရှိကြောင်း တွေ့ရှိခဲ့ရပါသည်။

 

၂။ COVID-9 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၆၈)ဦးအား အောက်ပါဇယားအတိုင်း သက်ဆိုင်ရာဆေးရုံများတွင် လိုအပ်သလို ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေ အနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပါသည်။

 

၃။ (၁၄-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၅-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၀၉)ဦး ရှိပါသည်။

 

၄။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က (၁၅-၄-၂၀၂၀)ရက်နေ့တွင် COVID-19 ရောဂါစောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ စုစုပေါင်း (၁၂၈) ဦး၏ ဓာတ်ခွဲနမူနာများအား (ပထမအသုတ်) အနေဖြင့် စစ်‌ဆေးခဲ့ရာ ဓာတ်ခွဲနမူနာအားလုံးတွင် COVID-19 ရောဂါပိုးမတွေ့ရှိကြောင်း တွေေ့ရှိရပါသည်။

 

Crd > Ministry of Health and Sports, Myanmar