(၁၄-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ

 

၁။ (၁၃-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ (၁,၄၄၁) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၂၈၇) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၅) ခု၊

- နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀)မှ ဓာတ်ခွဲနမူနာ ဒုတိယအသုတ် (၂၈) ခု နှင့်

- အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၄၇၃) ခု

စုစုပေါင်း ဓာတ်ခွဲနမူနာ (၂,၂၄၄) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ

• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၈၃) ဦးတွေ့ရှိပါသည်။

 

၂။ သို့ဖြစ်ရာ (၁၄-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃,၀၁၅)ဦး ရှိပြီဖြစ်ပါသည်။

 

၃။ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အသက် (၇၅) နှစ်အရွယ် သွေးတိုး ရောဂါအခံရှိပြီး လေဖြတ်ရောဂါ (၈)နှစ်ကြာခံစားနေရသူ အမျိုးသား (Case-2463)သည် ပြင်းထန် အဆုတ်ရောင်ရောဂါဖြစ်ခြင်း၊ ရုတ်တရက်ဦးနှောက်သွေးကြောပိတ်၍ ထပ်မံလေဖြတ်ခြင်းရောဂါဖြင့် (၁၃-၉-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။

 

၄။ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အသက် (၆၉) နှစ်အရွယ် ပန်းနာရင်ကြပ် ရောဂါ၊ ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါအခံရှိသူ အမျိုးသမီး (Case-2324) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်းပျက်စီးခြင်းဖြင့် (၁၁-၉-၂၀၂၀) ရက်နေ့၊ နံနက် (၆:၀၅) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။

 

၅။ COVID-19 ကုသရေးဌာန (ဖောင်ကြီး)တွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အသက် (၅၁) နှစ်အရွယ် အသည်းရောင်အသားဝါ (စီ)ပိုး ရောဂါအခံရှိသူ အမျိုးသား (Case-1997) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်းပျက်စီးခြင်း၊ အသည်းခြောက်ရောဂါကြောင့် သွေးအန်ခြင်း၊ အသည်းနှင့် ကျောက်ကပ်ပျက်စီးခြင်းဖြင့် (၁၃-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၃၄) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။

 

၆။ COVID-19 ကုသရေးဌာန (ဖောင်ကြီး)တွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အသက် (၇၆) နှစ်အရွယ် ဆီးချို၊ သွေးတိုးရောဂါအခံရှိသူ အမျိုးသမီး (Case-2126) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ရုတ်တရက် လေဖြတ်ခြင်းရောဂါဖြင့် (၁၁-၉-၂၀၂၀) ရက်နေ့၊ နံနက် (၆:၀၅) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။

 

၇။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၂၄)ဦး ရှိပြီဖြစ်ပါသည်။

 

၈။ (၁၃-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင်

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ (၁,၉၉၇) ခု၊

- ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၃၀၉) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) မှ ဓာတ်ခွဲနမူနာ (၆၅၉) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၄၇) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၂၁) ခု၊

- နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၃၉) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၅) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၂၂) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ (၅) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးနားမြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ မြိတ်မြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊

- အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၄၇၃) ခု နှင့်

- အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၃၉) ခု

စုစုပေါင်း (၃,၆၃၅) ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂၁၉) ဦး တွေ့ရှိခဲ့ပါသည်။ (ဓာတ်ခွဲအတည်ပြု လူနာ (၁၃၆) ဦးတွေ့ရှိကြောင်းကို (၁၃-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။)

Ref:HOHS