(၂၀-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:ဝ၀) နာရီ
၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သည် (၁၉-၄-၂၀၂၀) ရက်နေ့တွင် စုစုပေါင်း (၃၆၉) ဦးတို့၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (၄)ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိရပြီး ကျန် (၃၆၅)ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိကြောင်း (၁၉-၄-၂၀၂၀)ရက်နေ့၊ ည (၁၁:၁၅) သတင်းတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၂။ ယနေ့အတွက် ဓာတ်ခွဲနမူနာများအား စစ်ဆေးနေဆဲဖြစ်ပါသည်။
၃။ သို့ဖြစ်ရာ (၂၀-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:ဝ၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၁၁၁) ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ (၅)ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၂)ဦး ရှိပါသည်။
၄။ လူနာများအား ဇယားတွင် ဖော်ပြထားသည့် သက်ဆိုင်ရာဆေးရုံများတွင် ကုသမှုပေးလျက်ရှိပါသည်။
Credit#ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန