(၁၀-၆-၂၀၂၀) ရက်နေ့၊ ည (၈:ဝ၀)နာရီ

 

၁။ (၁၀-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် -

 

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၅၃)ခု၊

 

- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၅၅) ခုနှင့်

 

- အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,ဝ၀ဝ) မှ ဓာတ်ခွဲနမူနာ (၇၇) ခု၊ စုစုပေါင်း (၇၈၅)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

 

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂) ဦး တွေ့ရှိရပါသည်။

 

၂။ (၁၀-၆-၂၀၂၀) ရက်နေ့၊ ည (၈:ဝ၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၄၈) ဦးရှိပါသည်။

 

၃။ ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ အသစ် (၆) ဦး (Case - 23, 113, 123, 139, 152 နှင့် 170) ရှိသဖြင့် (၁၀-၆-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၆၅) ဦးရှိပါသည်။ ၎င်းတို့အနက် (၁၄၈) ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

 

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

 

၅။ (၉-၆-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:ဝ၀) နာရီမှ (၁၀-၆-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:ဝ၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၂၈) ဦး ရှိပါသည်။

 

Credit#ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန