▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

 

၁။ (၄-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ပထမ + ဒုတိယအသုတ်) စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၅၂) ခုနှင့် ဆေးသုတေသနဦးစီးဌာန မှ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၁၉) ခု၊ စုစုပေါင်း (၂၇၁) ခုတွင် -

 

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၅) ဦးနှင့်

 

နေပြည်တော် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) ဓာတ်ခွဲဌာနမှ -

 

ဓာတ်ခွဲအတည်ပြုလူနာသစ်(၁)ဦး၊ စုစုပေါင်း ဓာတ်ခွဲအတည်ပြု လူနာသစ် (၆) ဦးတွေ့ရှိခဲ့ပါသည်။

 

၂။ (၄-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၆၁) ဦးရှိပြီဖြစ်ပါသည်။

 

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များဖြစ်သည့် (Case – 51, 99, 103, 104, 105 နှင့် 109) (၆) ဦးတို့၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက်အဖြစ် ပိုးမတွေ့ရှိပါ။ သို့ဖြစ်ပါ၍ (၄-၅-၂၀၂၀) ရက်နေ့အထိ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ဓာတ်ခွဲနမူနာစစ်ဆေးမှုများတွင် (၂) ကြိမ် ဆက်တိုက်အဖြစ် ပိုးမတွေ့ရှိသူ စုစုပေါင်း (၄၉) ဦးရှိပြီဖြစ်ပါသည်။

 

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦးရှိပါသည်။

 

၅။ (၃-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၄-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၆၁)ဦး ရှိပါသည်။

 

၆။ (၄-၅-၂၀၂၀) ရက်နေ့အတွက် ဓာတ်ခွဲအဖြေသတင်းများ ထပ်မံထုတ်ပြန်ရန်မရှိပါ။

 

Crd > Ministry of Health and Sports, Myanmar