mdn


(၁၈-၆-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီ


 

၁။ (၁၇-၆-၂၀၂၀)ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် -

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၆၅၉)ခု နှင့်

ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး(ကုတင် - ၁၀၀၀)မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၂၃၅)ခု နှင့် စုစုပေါင်း (၈၉၄) ခုအား ယနေ့၊ နံနက် အစောပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ -

 

• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦးတွေ့ရှိရပါသည်။

 

၂။ (၁၈-၆-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၆၃) ဦးရှိပါသည်။

 

၃။ (၁၇-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရာတွင် -

 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ပထမအသုတ်နှင့် ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁,၀၅၂ )ခု၊

ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၅၇)ခု၊

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL-MDY)မှ ဓာတ်ခွဲနမူနာ (၃၇၅)ခုနှင့်

ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး(ကုတင် - ၁၀၀၀)မှ (ပထမအသုတ်နှင့် ဒုတိယ အသုတ်) ဓာတ်ခွဲနမူနာ (၅၁၂)ခု၊

 

စုစုပေါင်း ဓာတ်ခွဲနမူနာ (၂,၀၉၆) ခုအား စစ်ဆေးပြီးစီးခဲ့ပါသည်။

 

Ministry_of_Health_and_Sports, Myanmar