(၂၂-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:ဝ၀) နာရီ

 

၁။ (၂၂-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:ဝ၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၁၂၁) ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ (၅) ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၉) ဦး ရှိပါသည်။

 

၂။ အဆိုပါ လူနာများအား သက်ဆိုင်ရာဆေးရုံများတွင် ထားရှိဆေးကုသမှုပေးနေမှုများကို ဇယားတွင် ဖော်ပြအပ်ပါသည်။

 

၃။ ယနေ့အတွက် ဓာတ်ခွဲနမူနာများကို စစ်ဆေးနေဆဲဖြစ်ပါသည်။

 

(မှတ်ချက်။ ။အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သည် (၂၁-၄-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာများ အား စစ်ဆေးခဲ့ရာ (၂) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်းကို (၂၁-၄-၂၀၂၀)ရက်နေ့၊ ည (၁၀:ဝ၀) သတင်းတွင် ဖော်ပြပြီး ဖြစ်ပါသည်။)

 

Credit#ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

 

mdn