(၂၂-၆-၂၀၂၀) ရက်နေ့၊ နံနက်(၈:၀၀)နာရီ
၁။ (၂၁-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၅၆၆) ခု နှင့် - ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL , Mandalay) မှ ဓာတ်ခွဲနမူနာ (၁၉၅) ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၇၆၁) ခုအား ယနေ့၊ နံနက် အစောပိုင်း၌ စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိပါ။
၂။ (၂၂-၆-၂၀၂၀)ရက်နေ့၊ နံနက်(၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၉၀)ဦး ရှိပါသည်။
၃။ (၂၁-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ (၁,၁၃၀) ခု၊ ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၂၄၅) ခုနှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL , Mandalay) မှ ဓာတ်ခွဲနမူနာ (၁၉၅) ခု၊ စုစုပေါင်း (၁,၅၇၀) ခုအား စစ်ဆေးခဲ့ပါသည်။
Ref: ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
