(၂၁-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

 

၁။ (၂၁-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

 

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၂၁၀)ခု၊

- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၆၇) ခုနှင့်

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၇၂) ခု

စုစုပေါင်း (၆၄၉)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

 

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်မတွေ့ရှိပါ။

 

၂။ (၂၁-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၄၁) ဦးရှိပါသည်။

 

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၂) ဦး (Case- 215 နှင့် 303) ရှိသဖြင့် ယနေ့အထိ COVID-19 ရောဂါပိုးကင်းစင်လာသူ လူနာစုစုပေါင်း (၂၈၀) ဦးရှိပါသည်။ ၎င်းတို့အနက် (၂၆၆)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

 

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

 

၅။ (၂၀-၇-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၁-၇-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၂၀) ဦး ရှိပါသည်။

 

#Ministry_of_Health_and_Sports

 

mdn