နေပြည်တော်၊ ၁၇ နိုဝင်ဘာ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး COVID-19 ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှစ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီ အထိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။

နိုဝင်ဘာ(၁၇)ရက် ညနေတွင် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြုအားဖြည့် ဆောင်ရွက်နိုင်ရေး အဖွဲ့ဝင် ကျန်းမာရေးပညာရှင်ကြီးများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ ကျန်းမာရေးပညာရှင်များဖြစ်သည့် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အားဖြည့် ဆောင်ရွက်ရေးအဖွဲ့ဝင်၊ ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ပါမောက္ခ ဒေါက်တာမြင့်ဟန်၊ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် -၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (ဒုတိယဥက္ကဌ) ပါမောက္ခချုပ် (ဆေးတက္ကသိုလ်-၁) ပါမောက္ခ ဒေါက်တာဇော်ဝေစိုး နှင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး  တို့က ပြည်သူများ သိရှိမေးမြန်းလိုသည့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်းသည့် မေးခွန်းများအပေါ် ပြန်လည်ဖြေကြားချက်များကို ဆက်လက်ထုတ်လွှင့် သွားမည် ဖြစ်ကြောင်း  သိရသည်။

သတင်းစဉ်