မန္တလေး ဇူလိုင် ၉

 

 

မန္တလေးတိုင်းဒေသကြီးအတွင်း Covid-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန် အလှူရှင်များဖြစ်ကြသည့်  Primus Advanced Technologies Co., Ltd မှ အလှူငွေကျပ် သိန်း ၁၀၀ နှင့် မန္တလေးတိုင်းဒေသကြီး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းမှ အလှူငွေကျပ် သိန်း ၃၀ ကို မန္တလေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့ရုံးသို့ ဇူလိုင် ၈ ရက် ညနေ ၃ နာရီက လာရောက်လှူဒါန်းခဲ့ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 

မန္တလေးတိုင်းဒေသကြီး အတွင်း၌ Covid-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန်အတွက် စေတနာအလှူရှင် ရဟန်းရှင်လူ ပြည်သူများနှင့် ကုမ္ပဏီများ လူမှုအသင်း အဖွဲ့အစည်း အသီးသီးတို့မှ အလှူငွေများ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ဆန်၊ ဆီ၊ ဆား အစရှိသည့် ပစ္စည်းများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။

 

 

မင်းထက်အောင်(မန်းကိုယ်ပွား)