မြင်းမူ ၂၄ မတ်
COVID-19 ရောဂါ ကာကွယ်ရေးအတွက် အသုံးပြုရန် PPE ဝတ်စုံများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ စုပေါင်းပေးအပ် လှူဒါန်းပွဲကို ယနေ့ နံနက် ၈ နာရီက စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်သစ် ခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်က COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီမံ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြည်သူများ သိရှိလိုက်နာရန်အတွက် အသိပညာပေးခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေရေးသက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဌာနဆိုင်ရာများမှ လှူဒါန်းသည့် PPE ဝတ်စုံ ၁၂ စုံ၊ လုပ်ငန်းရှင်များစုပေါင်း၍ ဝတ်စုံ ၂၆ စုံ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအဖွဲ့မှ ဝတ်စုံ တစ်စုံနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီမှ ဝတ်စုံ နှစ်စုံတို့အား မြို့နယ် ဆေးရုံအုပ်ကြီး ကေသီခိုင်ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းခဲ့သော PPE ဝတ်စုံ ၂၄ စုံ၏ တန်ဖိုးမှာ ငွေကျပ် ၁၁၇၆၀ဝဝ ဖြစ်ကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)


