COVID-19 ရောဂါကာလ ကျိုက်ဒုံမြို့တွင် ဒူးရင်းသီးလှိုင်လှိုင်ပေါ၍ အရောင်းအဝယ်ကောင်းလျက်ရှိ

ကျိုက်ဒုံ ၁၈ မေ

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၊ အဇင်းချောင်းဖျားကျေးရွာများ၌ ဒူးရင်းသီးများ လှိုင်လှိုင်ပေါ်လျက်ရှိပြီး အရောင်းအဝယ် ကောင်းလျက်ရှိကြောင်း သိရသည်။

 

ကျိုက်ဒုံမြို့ ပတ်ဝန်းကျင်ကျေးရွာ ဒူးရင်းသီးများထွက်ရှိသည့် ဒူးရင်းခြံ ပင်ရင်းနေရာများတွင် ဒူးရင်းသီးအကြီးတစ်လုံးလျှင် ငွေကျပ် ၂၀၀၀၊ အလတ်တစ်လုံးတွင် ငွေကျပ် ၁၀၀၀ ပေးဝယ်ရ၍ ကြာအင်းဆိပ်ကြီး၊ သံပုရာ၊ ကိုးတိုင် စသည်တို့မှ မော်တော်ယာဉ်များဖြင့် လာရောက်ဝယ်ယူလျက်ရှိပြီး ဝယ်ယူသူများပြားလျက်ရှိခြင်းကြောင့် ဒူရင်းစိုက်ခြံပိုင်ရှင်များ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိ‌ကြောင်း သိရသည်။

 

ယခင်နှစ်ဈေးနှုန်းမှာ ဒူးရင်းသီးအကြီးတစ်လုံးတွင် ငွေကျပ် ၃၀၀၀၊ အလတ်တစ်လုံးတွင် ငွေကျပ် ၁၅၀၀ ဖြင့် အရောင်းအဝယ်ကောင်းရရှိခဲ့ပြီး ယခုအခါ ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် ဈေးနှုန်းများ ကျဆင်းသော်လည်း အရောင်းအဝယ်‌ ကောင်းလျက်ရှိကြောင်း ရောင်းချသူတစ်ဦးထံမှ သိရှိရသည်။

 

သန်းထွန်းနိုင်(ပြန်/ဆက်)