လှိုင်းဘွဲ ၂၇ ဇူလိုင်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် Covid–19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဈေးရောင်းဈေးဝယ်သူ လိုက်နာရမည့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို ယမန်နေ့က စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
လှိုင်းဘွဲမြို့ပေါ် (၄)ရပ်ကွက်ရှိ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များနှင့် အခြားလုပ်ငန်းများတွင် ဈေးရောင်းချနေသော ဈေးသည်များ လိုက်နာရမည့် စည်းကမ်းများ၊ ဈေးဝယ်သူများ လိုက်နာရမည့် စည်းကမ်းများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိနှင့် ဈေးသည်များအနေဖြင့် ဈေးရောင်/ဈေးဝယ် ပြုလုပ်ရာတွင် လိုက်နာရမည့် စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


