မန္တလေး ၂၀ မတ်
COVID-19 ရောဂါကြိုတင်ကာကွယ်မှုလုပ်ငန်းများအတွက် ကျန်းမာရေးရန်ပုံငွေနှင့် ပစ္စည်းများ ပေးအပ် လှူဒါန်းပွဲကို မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် မတ် ၁၉ ရက် မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာစကား ပြောကြား သည်။ထို့နောက် အလှူရှင်များက COVID-19 ရောဂါကြိုတင်ကာကွယ်မှုလုပ်ငန်းများအတွက် ကျန်းမာရေး ရန်ပုံငွေများနှင့် ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းရာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အလှူငွေများနှင့် ပစ္စည်းများကို အသီးသီးလက်ခံရယူ ကြပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ကြသည်။
အဆိုပါ ပေးအပ်လှူဒါန်းပွဲတွင် အလှူငွေနှင့် ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများ စုစုပေါင်းတန်ဖိုး (ငွေကျပ် ၄၂၁၇၁ဝဝဝဝ ) ရှိကြောင်း သိရပြီး လှူဒါန်းပွဲသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)


