မေ ၁၆
ဧရာဝတီဖောင်ဒေးရှင်းသည် COVID-19 ကူးစက်ခံရ၍ မိသားစုအတွက် အခက်အခဲရှိနေသူများအတွက် ငွေကြေးများ ထောက်ပံ့လှူဒါန်းခဲ့သည်။
ဧရာဝတီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အမှုဆောင်ဖြစ်သူ ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးတို့သည် ဝေဘာဂီအထူးကုဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာစံပယ်ဖြူ၊ တောင်ဥက္ကလာပဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးတို့နှင့် ဆွေးနွေးတိုင်ပင်၍ အကြောင်းအမျိုးမျိုးကြောင့် COVID-19 ကူးစက်ခံရကာ မိသားစုအတွက် အမှန်တကယ် အခက်အခဲရှိနေသူ (၁၉)ဦးကို တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်ရန်အတွက် ငွေကျပ် (၅)သိန်းစီ ထောက်ပံ့လှူဒါန်းခဲ့သည်။
ထို့ပြင် ဧရာဝတီဖောင်ဒေးရှင်းသည် COVID-19 ကြောင့် ရပ်နားထားသော တောင်ဥက္ကလာပ ဂေါက်ကွင်း၊ မြို့တော်ဂေါက်ကွင်းနှင့် ဒဂုံဂေါက်ကွင်းတို့မှ နေ့စားနှင့် အခြေခံလုပ်သားများ၊ ကယ်ဒီများနှင့် ဂါက်ကွင်းလုပ်သားများ၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှ ကျောင်းသားများအပါအဝင် စုစုပေါင်း လူဦးရေ (၂၀၀၀)၏ စားဝတ်နေရေးလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ကူညီဖြည့်ဆည်းပေးသည့် အနေဖြင့် ငွေကျပ် သိန်း(၃၀၀)တန်ဖိုးရှိ ဆန်၊ ဆီ အစရှိသည့် စားသောက်ကုန်များကို သွားရောက်လှူဒါန်းခဲ့သည်။
သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ-ကိုမိုး