မော်လမြိုင်မြို့ ၂ ဇွန်
COVID-19 ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယာယီရပ်နားခဲ့ရသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အာမခံအလုပ်သမားများအား လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်(၄၀%)ရာခိုင်နှုန်း ထုတ်ပေးခြင်းကို ဇွန်လ(၂)ရက်၊ နံနက်(၁၀)နာရီတွင် မော်လမြိုင်မြို့ရှိ ပြည်နယ်လူမှုဖူလုံရေးရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရပါသည်။
အဆိုပါပေးအပ်မှုတွင် COVID-19 ရောဂါကာလအတွင်း ယာယီရပ်နားခဲ့ရသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အာမခံအလုပ်သမားများအတွက် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးသည့် ကာလအတွင်း ယာယီပိတ်သိမ်းထားရှိသည့် ပုဂ္ဂလိက ကုမ္ပဏီများမှ အာမခံ အလုပ်သမားဦးရေ(၃၆၆)ဦးအတွက်ကို မွန်ပြည်နယ် လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ငွေကျပ်သိန်း(၁၆၉)သိန်းကျော်ကို ခွင့်ပြုထုတ်ပေးခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်က ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#MRTV


