၁၄ ဧပြီ
COVID-19 copolmonzufio&quid opuchiaçuoswung wospoda&pop:0p Facility Quarantine (၂၁) ရက်နှင့် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း Home Quarantine (၇)ရက် စုစုပေါင်း (၂၈)ရက်တာ နေထိုင်ရ သူများနှင့် ပြည်သူလူထုအများစုတွင် စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုစသည်တို့ ခံစားရလေ့ရှိပါသည်။ CovID-19 နှင့် ပတ်သက်၍ ကျန်းမာရေး၊ အလုပ်အကိုင်နှင့် ရှေ့ရေးတို့အတွက် စိုးရိမ်ပူပန်ခြင်း၊ အိမ်တွင်ရှိသော မိသားစုဝင်များအတွက် စိုးရိမ်ပူပန်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါသည်။
သီးခြားနေထိုင်နေရသည့်ကာလအတွင်း အထီးကျန်သလိုခံစားရခြင်း၊ ငြီးငွေ့ခြင်း၊ စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အကူအညီမဲ့သလို ခံစားရခြင်းစသည့် ပိုမိုလွန်ကဲသောစိတ်ခံစားချက်များလည်း ဖြစ်ပေါ်လာတတ်ပါသည်။
သီးခြားနေထိုင်ရသည့်ကာလအတွင်း ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် လူမှုရေးလိုအပ်ချက်များကို မျိုသိပ်မထားဘဲ အမှန်တကယ်လိုအပ်သောအကူအညီများကို တာဝန်ရှိသူများထံ ဖွင့်ဟဆွေးနွေး အကူအညီရယူသင့်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန် စီစဉ်ထားပြီးဖြစ်ပါသည်။
ထိုစိတ်ခံစားချက်များ လျော့ပါးသက်သာစေနိုင်ရန် ယခုဖော်ပြထားသည်တို့ကို လုပ်ဆောင်နိုင်ပါသည်- မိမိ၏ လူမှုအသိုက်အဝန်းဖြစ်သော မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများ၊ ချစ်ခင်ရသူများနှင့် တယ်လီဖုန်း၊ အီးမေးလ်၊ အင်တာနက်လူမှုကွန်ရက် စသည်များမှတစ်ဆင့် အဆက်အသွယ်ပြုလုပ်ပါ။
- နေ့စဉ်အိမ်တွင်လုပ်ဆောင်နေကျအလုပ်များထဲမှ လက်ရှိပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိမည့် သူတစ်ပါးကိုလည်း မထိခိုက်စေနိုင်သည့် မိမိဝါသနာပါရာအလုပ်များကို ဆက်လက်လုပ်ဆောင်ပါ။
- စားသောက်ခြင်း၊ အိပ်စက်အနားယူခြင်းတို့ကို ကျန်းမာရေးနှင့်ညီညွတ်မျှတအောင် သတိပြု ဆောင်ရွက်ပါ။ ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ကို ရှောင်ကြဉ်ပါ။
- ကိုယ်/ စိတ်ဖြေလျှော့သည့်လေ့ကျင့်မှုများနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ မှန်မှန်ပြုလုပ်ပါ။
- မိမိကိုးကွယ်ရာဘာသာတရားအလိုက် ဝတ်ပြုဆုတောင်းခြင်း၊ တရားမှတ်ခြင်းများ ပြုလုပ်ပါ။
- CoVID-19 ရောဂါနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များဖြင့်သာ အချိန်ကုန်နေတတ်ခြင်းသည် စိုးရိမ်စိတ်နှင့် စိတ်ဖိစီးမှုများကို ပိုမိုဆိုးရွားစေနိုင်သဖြင့် ဆင်ခြင်ရှောင်ကြဉ်ပါ။
- ကောလာဟလသတင်းများကိုလည်း အထူးသတိပြုရှောင်ကြဉ်ပါ။
- ယုံကြည်စိတ်ချရသော၊ အသိအမှတ်ပြုထားသည့် သတင်းအချက်အလက် အရင်းအမြစ်များမှ ထုတ်ပြန်သော
သတင်းများ၊ ညွှန်ကြားချက်များကိုသာ လေ့လာမှတ်သားလိုက်နာပါ။
- လက်လှမ်းမီသော အကျိုးရှိမည့်စာပေများကို ဖတ်ရှုပါ။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံဆရာဝန်အသင်း၊ စိတ်ကျန်းမာ ပညာအဖွဲ့တို့ ပူးပေါင်းစီစဉ်သည်။


