စပါး ကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဆုဖလားကို ခြောက်ကြိမ်မြောက်အဖြစ် လီဗာပူးအသင်း ဆွတ်ခူး

mdn

၂ ဇွန်

 

ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲအဖြစ် စပါးအသင်းနှင့် လီဗာပူးအသင်းတို့ တနင်္ဂနွေနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြရာ လီဗာပူးအသင်းက စပါးအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူပြီး ချန်ပီယံလိဂ်ဆုဖလားကို ခြောက်ကြိမ်မြောက်အဖြစ် ဆွတ်ခူးရရှိခဲ့သည်။

 

လီဗာပူးအသင်းသည် ပထမပိုင်း ပွဲအစ နှစ်မိနစ်မှာပင် ပင်နယ်တီကန်သွင်းခွင့်ရရှိခဲ့ပြီး ယင်းပင်နယ်တီကို တိုက်စစ်မှူး ဆာလာက အမှားအယွင်းမရှိကန်သွင်းယူကာ ဦးဆောင်ကစားနိုင်ခဲ့သည်။ ဒုတိယပိုင်းတွင် ချေပဂိုးပြန်လည်ရရှိဖို့အတွက် ကြိုးစားကစားခဲ့သည့် စပါးအသင်း၏ ထိုးဖောက်တိုက်စစ်ဆင်မှုများ ဂိုးပေါက်ကန်သွင်းမှုများကို လီဗာပူးအသင်းဂိုးသမား အယ်လစ်ဆန်  လက်စွမ်းပြကာကွယ်မှုတွေကြောင့် စပါး အသင်း ဂိုးမရရှိခဲ့ပေ။

 

လီဗာပူးအသင်းအတွက် အနိုင်သေချာသည့် ဒုတိယသွင်းဂိုးကို လူစားဝင်ရောက်ကစားခဲ့သည့် အိုရီဂီက ပွဲချိန် ၈၇ မိနစ်တွင် သွင်းယူနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် လီဗာပူးအသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူရရှိခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလားကို ခြောက်ကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

 

ချန်ပီယံလိဂ်ဆုဖလားရရှိမှုမှာ ရီးယဲလ်မက်ဒရစ်အသင်းက (၁၃)ကြိမ်၊ အေစီမီလန်အသင်းက (၇)ကြိမ် ရရှိထားပြီး လီဗာပူးအသင်းမှာ ယခုအကြိမ် (၆)ကြိမ်မြောက်ရရှိခြင်းကြောင့် တတိယအအောင်မြင်ဆုံး အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

MDN