ဒီဇင်ဘာ ၁၀
ပရီမီယာလိဂ်ကလပ်စပါးအသင်းဟာ ကစားသမားရှစ်ဦးနဲ့ အသင်းရဲ့ ဝန်ထမ်းငါးဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတာကြောင့် ဒီဇင်ဘာ ၉ ရက်မှာ ရင်းနက်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ဥရောပ ကွန်ဖရင့်လိဂ်ပွဲစဉ် ပျက်ခဲ့ရတယ်လို့ သိရပါတယ်။
စပါးအသင်းက ကစားသမားတွေ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတာကြောင့် အသင်းရဲ့ လေ့ကျင့်ရေး စင်တာကို ဒီဇင်ဘာ ၈ ရက်မှာ ပိတ်ပစ်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်မှာ ဘရိုက်တန်အသင်းနဲ့ ကစားမယ့် ပရီမီယာလိဂ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားနိုင်မလားဆိုတာလည်း မသိရသေးဘူးလို့ ဆိုပါတယ်။
နည်းပြကွန်တီရဲ့ စပါးအသင်းဟာ ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်အပြီး ဒီဇင်ဘာ ၁၆ ရက်မှာ လက်စတာ စီးတီးအသင်း၊ ဒီဇင်ဘာ ၁၉ ရက်မှာ လီဗာပူးအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက် မှာတော့ ဝက်စ်ဟမ်းအသင်းနဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်အဆင့်ပွဲစဉ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ စပါးအသင်းဟာ ပရီမီယာလိဂ်ပွဲစဉ် ၁၄ ပွဲ ကစားထားပြီး ရမှတ် ၂၅ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ငွေကြယ်