ကော့မှူး ၁၁ မေ

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများ အထွက်နှုန်း ပိုမိုကောင်းမွန်လာ စေရေးအတွက် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာများသို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ကော့မှူးမြို့နယ် လာ၀တီကျေးရွာ စနစ်ကျ စက်မှုလယ်ယာမြေ နည်းပညာ ပြန့်ပွားရေးစခန်းတွင် ကျင်းပပြုလုပ်သည်။

 

ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲတွင် အမှတ် () တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်ဝင်းတို့က အဖွင့်အမှာစကားများ ပြောကြားကြပြီး မြို့နယ်စိုက်ပျိုးရေးဌာနမှ တာဝန်ခံ ဒေါ်လှကြည်က အထွက်နှုန်း ကောင်းမွန်ရေးနှင့် ပတ်သက်သည့် အချက်များကို ရှင်းလင်းအသိ ပညာပေးကာ တာဝန်ရှိသူများက မကျီးတန်းနှင့် လာဝတီမှ တောင်သူများထံ မြေဆီလွှာ ဖွံ့ဖြိုးစေရေး မြေယာ ပြုပြင်ရန် ထုံး၊ ကျောက်မှုန့်၊ သစ်စိမ်းနှင့် သဘာဝမြေဩဇာများမျိုးသန့်မျိုးစပါးများကို ပေးအပ်ခဲ့သည်။

           

ယင်းနောက် တက်ရောက်လာကြသည့် တောင်သူများမှ စိုက်ပျိုးရေရရှိရေး၊ ကုန်ထုတ်လမ်းများ ကောင်းမွန်ရေး၊ မျိုးသန့်မျိုးစေ့ထုတ် တောင်သူများအား ချေးငွေရရှိရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူ များက အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

(မောင်အေးချမ်း-ကော့မှူး)