သီပေါ ၂၂ ဇွန်

 

“စပါးမျိုးမှန် အပင်သန် ဆားရည်စိမ်၍ စိုက်ပျိုးရန် ဟူသည့် ဆောင်ပုဒ်နှင့်အညီ စပါးဆားရည် စိမ်နည်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာဖြစ်သည့် နားခဲကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက လက်တွေ့သရုပ်ပြသခဲ့သည်။

 

သရုပ်ပြသပွဲတွင် ကျောက်မဲခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်အေးက စပါးဆားရည်စိမ်နည်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် နားခဲကျေးရွာ တောင်သူ ဦးစိုင်းသာညွှန့်၏ လယ်မြေတွင် စပါးဆားရည်စိမ်နည်းကို လက်တွေ့သရုပ်ပြသခဲ့ရာ နားခဲကျေးရွာ အတွင်းရှိ တောင်သူများ တက်ရောက် လေ့လာခဲ့ကြသည်။

 

ခင်လေး(သီပေါ၊ပြန်/ဆက်)