ပန်းတနော်  ၃၀  ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ ဘေးအန္တရာယ်ကြုံတွေ့လာပါက လျင်မြန်စွာ ရှာဖွေကယ်ဆယ်နိုင်ရန်အတွက် စပိဘုတ်များဖြင့် ရေပြင်ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ပန်းတနော်မြစ်အတွင်း ဇူလိုင် ၂၈ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 FB_IMG_15959947

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးနှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များက ပန်းတနော်မြစ်အတွင်း ရေပြင်ကယ်ဆယ်ရေး စပိဘုတ်များ လေ့ကျင့်မောင်းနှင်ခြင်း၊ ရေအောက်ကိရိယာများဖြင့် ထောက်လှမ်းခြင်း၊ ရေငုပ်သမားများမှ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ရှေးဦးပြုစုခြင်းများကို လေ့ကျင့်ခဲ့ကြောင်း သိရသည်။

 

အေးချမ်းအောင်(ပန်းတနော်)