၂၉ ဧပြီ

 

ဗဟို လက်ဝဲ ဝါဒီ  ဆိုရှယ်လစ်အလုပ်သမားပါတီသည် စပိန်အမျိုးသားရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ရည်မှန်းထားသော်လည်း မဲအများစု မရရှိဘဲ မှန်းချက်နှင့် နှမ်းထွက် မကိုက် ဖြစ်ခဲ့ရသည်။

 

စပိန်အမျိုးသားရွေးကောက်ပွဲ တွင် လက်ယာယိမ်းပါတီသစ်တစ်ခုသည် ပထမဆုံးအကြိမ်အဖြစ် အနိုင်ရရှိဖွယ်ရှိကြောင်း ဖော်ပြထားသည်။

 

မဲရေတွက်မှု ၉၇ ရာခိုင်နှုန်းရေတွက်ပြီးစီးခဲ့ပြီး ဆိုရှယ်လစ် အလုပ်သမားပါတီ က ကွန်ဂရက်တွင်  အမတ်  နေရာအများအပြားရရှိခဲ့သည်ဟု နိုင်ငံပိုင် ရုပ်သံလွှင့်သည့်  ဌာနက ပြောကြားသွားခဲ့သည်။

 

အဆိုပါ ဆိုရှယ်လစ် အလုပ်သမားပါတီသည် ညွန့်ပေါင်း  အစိုးရအဖွဲ့ထူထောင်ရန် အခြားသောပါတီများနှင့် ဆွေးနွေးညှိနှိုင်းရန် မျှော်လင့်ထားကြောင်း ဖော်ပြထားသည်။

 

mdn

 

ပါတီသစ်ဗော့ရှ် သည်  ဥပဒေပြုလွှတ်တော်တွင် အမတ်နေရာ ၂၀ ကျော်အနိုင်ရရှိရန် မျှော်လင့်ထားသည်ဟု သိရသည်။

 

လက်ယာယိမ်းပါတီများသည် ပြီးခဲ့သည့် ၁၉၇၀ ခုနှစ် နှစ်လယ်ပိုင်းအထိ ဗိုလ်ချုပ် ဖရန်စစ္စကို ဖရန်ကို လက်အောက် စစ်အုပ်ချုပ်ရေး ရှိသည့် စပိန်နိုင်ငံတွင် ထောက်ခံအားပေးမှုမရရှိခဲ့ကြောင်းနှင့် စပိန်နိုင်ငံရှိ ရွေးကောက်ပွဲရလဒ်များသည် အခြားဥရောပရှိ လက်ယာယိမ်းလှုပ်ရှားမှုများကို    တွန်းအားပေး သလို ဖြစ်စေနိုင်ကြောင်း ဖော်ပြထားသည်။


ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို