အမေရိကန်နိုင်ငံ၊  ကနေဒါနိုင်ငံနဲ့ မက္ကဆီကိုနိုင်ငံတို့ ပူးတွဲအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲစဉ် အဖြစ် ဇူလိုင် ၂၀ ရက် နံနက်ပိုင်းက စပိန်အသင်းနဲ့ အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ စပိန်အသင်းက အာဂျင်တီးနားအသင်းကို အနိုင်ရပြီး ကမ္ဘာ့ဖလားချန်ပီယံဆုဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ပါတယ်။

စပိန်အသင်းနဲ့ အာဂျင်တီးနားအသင်းတို့ပွဲစဉ်မှာ သာမန်ပွဲကစားချိန် မိနစ် ၉၀ အတွင်း  ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့တာကြောင့်  အချိန်ပိုကစားခဲ့ရာမှာ  စပိန်အသင်းက ပွဲကစားချိန် ၁၀၆ မိနစ်မှာရရှိခဲ့တဲ့ ဖာရန်တောရက်စ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
စပိန်အသင်းအနေနဲ့ အာဂျင်တီးနားအသင်းကို အနိုင်ရရှိခဲ့ကာ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဟာ အသင်းရဲ့သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားကို  ဒုတိယအကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ စပိန်အသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုဖလားကို  ၂၀၁၀  ပြည့်နှစ်က  ပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။

စပိန်အသင်းနဲ့ အာဂျင်တီးနားအသင်းတို့  ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်မှာ မဒေါနား၊ ဂျက်စတင်ဘီဘာစတဲ့ နာမည်ကြီး အဆိုတော်တွေရဲ့   ဖျော်ဖြေမှုတွေပါဝင်ခဲ့သလို    အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်လည်း တက်ရောက်ကြည့်ရှုခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပပြီးချိန်မှာ ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံး ကစားသမားဆုကို ပေးအပ်ချီးမြှင့်တဲ့ ရွှေဘောလုံးဆုကို စပိန်ကစားသမား ရိုဒရီကရရှိခဲ့ပြီး ဂိုးသွင်းအများဆုံးကစားသမားအား ပေးအပ်ချီးမြှင့်တဲ့  ရွှေဖိနပ်ဆုကို ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပီက ရရှိခဲ့တာဖြစ်ပါတယ်။ ရွှေလက်အိတ်ဆုကို စပိန်ဂိုးသမား အူနိုင်းဆီမွန်ကရရှိခဲ့ပြီး အကောင်းဆုံးလူငယ်ကစားသမားဆုကို စပိန်လူငယ်ကစားသမား ကူဘာစီကရရှိခဲ့တာဖြစ်ပါတယ်။

ငွေကြယ်