မက်ဒရစ် မတ် ၉
စပိန်ဘုရင်ဟောင်းဟွမ်ကားလို့သည် ၎င်းအပေါ် ဘဏ္ဍာရေး စုံစမ်းစစ်ဆေးမှုများ ပိတ်သွားပြီဖြစ်သော်လည်း အဘူဒါဘီ မြို့တွင် ဆက်လက်နေထိုင်မည်ဟု ပြောကြားကြောင်း တော်ဝင်မိသားစုက မတ် ၇ ရက်တွင် ကြေညာခဲ့သည်။
၎င်းအပေါ် စုံစမ်းစစ်ဆေးမှုများကြောင့် ယူအေအီးနိုင်ငံသို့ ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။ ယခုအခါတွင်မူ မည်သူတစ်ဦး တစ်ယောက်နှင့်မျှ သက်ဆိုင်ခြင်းမရှိဘဲ မိမိသဘောဆန္ဒအလျောက် အဘူဒါဘီတွင် ဆက်လက် နေထိုင်မည်ဖြစ် ကြောင်းနှင့် အဘူဒါဘီတွင် အခြေကျနေပြီ ဖြစ်ကြောင်း ၎င်း၏သားဖြစ်သူ စပိန်ဘုရင် ဖိလစ် ၄ ကို စာရေးသားခဲ့သည်။
ယခုအချိန်မှာ စပိန်နိုင်ငံသို့ပြန်ရန် စဉ်းစားရတော့မည့် အချိန်ဖြစ်သော်လည်း ချက်ချင်းဆုံးဖြတ်ရမည့်ကိစ္စ မဟုတ်သေး ကြောင်း ၎င်းကဆက်ပြောသည်။
စပိန်ပြည်သူ့ရှေ့နေများက ၎င်းအပေါ် စုံစမ်းစစ်ဆေးမှု သုံးခုကို ဆက်လက် လုပ်ဆောင်တော့မည် မဟုတ်ဟု ကြေညာပြီးနောက် ငါးရက်အကြာတွင် ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။ အဘူဒါဘီတွင် ငြိမ်းချမ်းမှုကို ရှာတွေ့ ခဲ့ကြောင်း မကြာခဏဆိုသလို စပိန်နိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အေအက်ဖ်ပီ