၁၃ မေ

 

စပိန်နိုင်ငံမှာ အသက်အကြီးဆုံး အသက် ၁၁၃ နှစ်အရွယ်ဘွားဘွားဟာ ကိုရိုနာဗိုင်းရပ်စ်ကို အံတုပြီး အသက်ဆက်လက် ရှင်နေနိုင်ကြာင်း အင်္ဂါနေ့မှာ ဘွားဘွားနေထိုင်ရာ ဘိုးဘွားရိပ်သာ က ထုတ်ပြန်ပြောကြားပါတယ်။

 

ဘွားဘွားကို ၁၉၀၇ ခုနှစ် မတ် ၄ ရက်နေ့မှာမက္ကဆီကို နိုင်ငံမှာ မွေးဖွားပြီး ၊ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကို ကို ရွှေ့ပြောင်းခဲ့ကာ အဲဒီကမှ စပိန်နိုင်ငံကို ပြောင်းရွှေ့ခဲ့ကြောင်း သိရပါတယ်။ 

 

ဘွားဘွား မာရီယာ ဘရန်ရာ မှာ ပြီးခဲ့တဲ့ ဧပြီလက ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေ့ရှိခဲ့ကြောင်း စပိန်နိုင်ငံအရှေ့ပိုင်းရှိ အိုလော့ မြို့က ဆန်တာမာရီယာဒယ်တူရာ ဘိုးဘွားရိပ်သာက ပြောပါတယ်။ ဘွားဘွားမာရီယာဟာ အဲဒီဘိုးဘွားရိပ်သာမှာ အနှစ် ၂၀ နေထိုင်ခဲ့ကြောင်း သိရပါတယ်။

 

ဘိုးဘွားရိပ်သာက ပြောခွင့်ရသူက ဘွားဘွားနေကောင်းကြောင်း၊ ပြီးခဲ့တဲ့ သီတင်းပတ်ရရှိတဲ့ အဖြေမှာ ဗိုင်းရပ်စ်ပိုး မတွေ့ကြောင်း၊ ဗိုင်းရပ်ရောဂါပိုးကို အံတုနိုင်ခဲ့ကြောင်း ပြောပါတယ်။

 

ဘွားဘွား နေထိုင်ရာဘိုးဘွားရိပ်သာမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးတွေ့ရှိကြောင်း သိရပါတယ်။ ဘွားဘွာမာရီယာ ဘရန်ရာက စပိန်နိုင်ငံမှာ အသက်အကြီးဆုံးဖြစ်ပါတယ်။

 

ဖခင်ဖြစ်သူဟာ သတင်းသမားဖြစ်ပြီး မိသားစုလိုက် ပထမကမ္ဘာစစ်အတွင်း စပိန်နိုင်ငံမြောက်ပိုင်း ကို လှေစီးပြီး‌ ပြောင်းရွှေ့လာကြောင်း သိရပါတယ်။ ဘွားဘွာမာရီယာက ၁၉၁၈-၁၉ ခုနှစ်အတွင်းမှာဖြစ်ခဲ့တဲ့ စပိန်တုပ်ကွေးကပ်ရောဂါနဲ့ ၁၉၃၆-၃၉ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ စပိန်ပြည်တွင်းစစ်အတွင်းမှာလည်း အသက်ရှင်ခဲ့သူဖြစ်ပါတယ်။

 

 

သားသမီး သုံးဉီးရဲ့ မိခင်ဖြစ်ပြီး သူမရဲ့ သားသမီးတွေထဲက တစ်ဦးမှာ အသက် ၈၆ နှစ်ပြည့်သွားကြောင်း သိရပါတယ်။ ဘွားဘွားမာရီယာမှာ မြေ ၁၁ ဦး ရှိရာ အသက်ကြီးဆုံး မြေးမှာ အသက် ၆၀ ရှိကြောင်းနဲ့ မြစ် ၁၃ ဦးရှိကြောင်း သိရပါတယ်။

 

စပိန်နိုင်ငံဟာ ကမ္ဘာမှာ ဗိုင်းရပ်စ်ဒဏ်ကို ခံရဆုံးနိုင်ငံတွေထဲမှာ တစ်နိုင်ငံဖြစ်ရာ သေဆုံးသူ ၂၇,၀၀၀ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စပိန်နဲ့ တခြားဉရောပနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကြာင့် သေဆုံးသူတွေထဲမှာ ပင်စင်စားအသက်ကြီး သူအများအပြားပါဝင်တာကို တွေ့ရပါတယ်။

 

MDN

ကိုးကား - AFP