၂၈ ဩဂုတ်

 

 

စပိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူတွေ များနေပေမယ့် ကျောင်းတွေ ပြန်ဖွင့်ဖို့ စီစဉ်နေရာ အသက် ၆ နှစ်နဲ့အထက် ကလေးငယ်တွေဟာ ကျောင်းမှာ တစ်ချိန်လုံး မျက်နှာဖုံးဝတ်ဖို့ လိုအပ်ကြောင်း ကြာသပတေးနေ့က အမိန့်ထုတ်လိုက်ပါတယ်။

 

 

လာမယ့်လမှာ ကျောင်းတွေ ပြန်ဖွင့်ဖို့ စီစဉ်နေကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာ ပညာရေးဝန်ကြီး အစ်ဇဘဲလ် ဆယ်လာက  တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းအပြင် အသက် ၆ နှစ်မှစပြီး ကျောင်းသူကျောင်းသားတွေဟာ မျက်နှာဖုံး ဝတ်ဆင်ရမယ်လို့ ပြောဆိုလိုက်ပါတယ်။

 

 

စပိန်နိုင်ငံရဲ့ ဒေသ ၁၇ ခုရဲ့ အစိုးရတွေဟာ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ တာဝန်ယူမှုတွေကို သက်ဆိုင်ရာ ဒေသရဲ့ စည်းမျဉ်းအတိုင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

 

စပိန်နိုင်ငံရဲ့ မြောက်ပိုင်း ကန်တပ်ရီရာ ဒေသမှာတော့ အသက်သုံးနှစ် အရွယ်မှစပြီး ကလေးငယ်တိုင်း မျက်နှာဖုံး ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။

 

 

ကျောင်းသင်ခန်း အတွင်းမှာ တစ်ဦးနဲ့တစ်ဦး ၅ ပေ(၁.၅ မီတာ) အကွာမှာ နေရန်နဲ့ မျက်နှာဖုံးကို အမြဲတမ်း ဝတ်ဆင်ထားရန် လိုအပ်ကြောင်း၊ ကလေးငယ်တွေကတော့ ကျောင်းခန်း အတွင်းမှာ ကလေးငယ်ချင်း စုဝေးခွင့် ရှိပေမယ့် အပြင်လူတွေနဲ့တော့  ထိစပ်ခွင့် မရှိကြောင်း သိရပါတယ်။

 

 

ဒါ့အပြင် ကလေးငယ်တွေဟာ တစ်နေ့ကို ငါးကြိမ် လက်ဆေးဖို့နဲ့ ကျောင်းသင်ခန်းဟာ လေဝင်လေထွက် ကောင်းအောင် လုပ်ဆောင်ခြင်းနဲ့ ကျောင်းသူကျောင်းသားတွေကိုလည်း ကိုယ်အပူချိန် တိုင်းတာခြင်းတွေ လုပ်ဆောင်ရမယ်လို့ စည်းကမ်းပါရှိ ပါတယ်။

 

 

ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ကျောင်းသားတွေဟာ အွန်လိုင်းကနေ သင်ကြားခဲ့ရပါတယ်။ အခုနှစ် ကျောင်းဖွင့်ချိန်မှာတော့ ကျောင်းသာတွေ ကျောင်းခန်းတွေဆီ  ပြန်လည်ရောက်ရှိရေးဟာ ပညာရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ ပြောပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပြန့်ပွားခဲ့တဲ့အတွက် စပိန်နိုင်ငံက ကျောင်းတွေကို မတ်လ အလယ်က စပြီး ပိတ်ထားခဲ့ရာကနေ အခုချိန်လို့ ဆိုရမှာ ဖြစ်ပါတယ်။

 

 

ဉရောပမှာ ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှု များနေခြင်းနဲ့ ကျောင်းခန်းတွေ အတွင်းမှာ ကလေးငယ်တွေကို ဗိုင်းရပ်စ်ပိုး မကူးစက်အောင် ဘယ်လို ကာကွယ်မလဲဆိုတာ ငြင်းခုန် ဆွေးနွေးနေပါတယ်။ တချို့မိဘတွေကတော့ ကျောင်းမှာ လုံခြုံမှု မရှိတဲ့အတွက် ကလေးတွေကို ကျောင်းပြန်လွှတ်ဖို့ ငြင်းဆိုနေကြတာကိုလည်း တွေ့ရပါတယ်။

 

 

လူဦးရေ ၄၇ သန်း နေထိုင်တဲ့ စပိန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၄၅၁,၇၉၁ ဦးရှိပြီး သေဆုံးသူ ၂၈,၉၉၆ ဦး ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား- AFP

mdn