၁၇ ဩဂုတ်

 

စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် မျက်နှာဖုံး မဝတ်မနေရ စည်းမျဉ်းအပါအဝင် အခြားစည်းမျဉ်းတွေကို ဆန့်ကျင်တဲ့အနေနဲ့ ရာချီတဲ့ လူတွေစုဝေးပြီး မက်ဒရစ်မြို့မှာ တနင်္ဂနွေနေ့က ဆန္ဒပြခဲ့ကြပါတယ်။

 

ဆန္ဒပြတဲ့လူတွေက စုဝေးပြီး “ဗိုင်းရပ်စ်ရောဂါပိုးဆိုတာမရှိပါဘူး” “မျက်နှာဖုံးတွေက သတ်နေတယ်” “မကြောက်ဘူး” စတဲ့ ပိုစတာတွေကိုင်ဆောင်ပြီး လက်ခုပ်လက်ဝါးတီးကာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

 

မက်ဒရစ်မှာ မေလကစပြီး အများသုံးယာဉ်တွေပေါ်မှာ မျက်နှာဖုံး နှာခေါင်စည်း ဝတ်ဆင်ရန် ပြဋ္ဌာန်းပြီး နောက်ပိုင်းမှာတော့ အဲဒီစည်းမျဉ်းဟာ တစ်နိုင်ငံလုံးအပေါ်မှာ သက်ရောက်ခဲ့ပါတယ်။

 

စပိန်နိုင်ငံတွင် လူမြင်ကွင်းမှာ မျက်နှာဖုံးဝတ်ဆင်ရမယ့် ဥပဒေရှိပေမယ့် ဆန္ဒပြသူအများစုဟာ မျက်နှာဖုံးဝတ်ဆင်ခြင်း မရှိတာကိုတေွ့ရပါတယ်။

 

လူမြင်ကွင်းမှာ ဆေးလိပ်သောက်ခြင်းကို ပြီးခဲ့တဲ့ နှစ်ရက်တားမြစ်လိုက်ပါတယ်။ အဲဒီတားမြစ်မှုအပြီး အခုဆန္ဒပြပွဲ လုပ်ဆောင်တာလို့ သိရပါတယ်။

 

MDN

ကိုးကား - AFP