၇ ဩဂုတ်

 

 

စပိန်နိုင်ငံမှာ အခုရက်ပိုင်း အတွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ သိသိသာသာ များပြားနေပေမယ့် ကျန်းမာရေး ဝန်ကြီးက ဒါဟာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒုတိယလှိုင်း မဟုတ်ကြောင်း ကြာသပတေးနေ့က ငြင်းဆိုလိုက်ပါတယ်။

 

 

စပိန်အစိုးရရဲ့ ထုတ်ပြန်ချက် စာရင်းအရ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူဟာ ပြီးခဲ့တဲ့ ၇ ရက်အတွင်း ၁၉,၄၀၅ ဦး ရှိရာ ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂,၇၇၂ ဦး ရှိကြောင်း သိရပါတယ်။

 

 

ပြီခဲ့တဲ့ သီတင်းပတ် မတိုင်ခင် တစ်ပတ်မှာတော့ ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁,၉၁၃ ဦး ရှိကြောင်း ဇူလိုင်လလယ် သီတင်းပတ်မှာတော့ ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁,၄၆၀ ရှိကြောင်း သိရပါတယ်။

 

 

ကျန်းမာရေး ဝန်ကြီးက အခု အခြေအနေကို ဒုတိယလှိုင်းလို့ မခေါ်နိုင်ကြောင်း၊ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို မထိန်းချုပ်နိုင်ရင်ခဲ့ရင်သာ ခေါ်ဆိုနိုင်ကြောင်း၊ ဗိုင်းရပ်စ်ပိုး စစ်ဆေးမှု များပြားလာတဲ့အတွက် အခုလို တွေ့ရှိသူများလာတာလား ဆိုတာ မရှင်းကြောင်း ပြောဆိုပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်မှု များပြားတဲ့ ကတ်တာလိုးနီးယား ဒေသမှာတော့ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅,၁၀ဝ ရှိပြီး အိမ်နီးချင်း အာရန်ဂွန်မှာ ၄,၁၀ဝ ရှိကြောင်း သိရပါတယ်။

 

 

ကတ်တာလိုးနီးယားနဲ့ အာရန်ဂွန် ဒေသတွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန် ကန့်သတ်မှုကို ပုံစံအသစ်နဲ့ ပြန်လည် တားမြစ်ထားပါတယ်။

 

 

ဩစတြီးယား၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ ဗြိတိန် နိုင်ငံတွေက စပိန်နိုင်ငံကို ဗိုင်းရပ်စ်ပိုး ကူးစက်မှု မြင့်မားတဲ့ နိုင်ငံမှာ စာရင်းမှာ ထည့်ပြီး စပိန်နိုင်ငံမှ လာရောက်သူတိုင်း သီးသန့်ခွဲခြား စောင့်ကြည့်မှုအောက်မှာ နေထိုင်ရန် ကန့်သတ် လိုက်ပါတယ်။

 

 

စပိန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၃၅၄,၅၃၀ မှ သေဆုံးသူ ၂၈,၅၀ဝ ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP