၈ စက်တင်ဘာ

 

 

စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ အရေအတွက်ဟာ ငါးသိန်း ကျော်သွားကြောင်း သိရပါတယ်။ ဉရောပမြောက်ပိုင်းရှိ နိုင်ငံတွေထဲမှာ ဒီအရေအတွက်ဟာ အများဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက်ဟာ ၂၄ နာရီအတွင်း တနင်္လာနေ့မှာ ၂,၄၄၀  တွင် တွေ့ရှိခဲ့ရာ  စုစုပေါင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅၂၅,၅၄၉ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

ဉရောပမြောက်ပိုင်းရှိ နိုင်ငံတွေထဲမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အများဆုံး ဖြစ်ပေမယ့် ဆေးရုံတွေမှာ ခုတင် အရေအတွက် အလုံအလောက်ရှိကြောင်း ပြောပါတယ်။

 

 

ဗိုင်းရပ်စ်ပိုးကြောင့် တနင်္လာနေ့က သေဆုံးသူ ၈ ဦး ရှိတဲ့အတွက် စုစုပေါင်း သေဆုံးသူ အရေအတွက်ဟာ ၂၉,၅၁၆ ဦး ဖြစ်လာတာကို တွေ့ရပါတယ်။

 

 

မက်ဒရစ်မြို့မှာ နေထိုင်သူ တစ်ဦးက လူတွေက ဗိုင်းရပ်စ်ပိုး ကာကွယ်ရေးကို မလိုက်နာတာကို တွေ့ရကြောင်း၊  လမ်းမပေါ်မှာ သွားနေတဲ့ လူတွေအများစုဟာ မျက်နှာဖုံး ဝတ်ဆင်ခြင်း မရှိတာကို တွေ့ရကြောင်းနဲ့ အစိုးရက ကျောင်းတွေ ပြန်ဖွင့်နေတဲ့အတွက် ကလေးတွေ အပေါ်မှာ မတရားရာကျကြောင်း ပြောပါတယ်။

 

 

စပိန်နိုင်ငံဟာ ကမ္ဘာမှာ အတင်းကျပ်ဆုံး စည်းမျဉ်းတွေချပြီး ကိုရိုနာ ဗိုင်းရပ်စ်ပိုးကို တားဆီးခဲ့တဲ့ နိုင်ငံဖြစ်ခဲ့တဲ့အတွက် ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို အစောပိုင်းမှာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဇွန်လကုန်ပိုင်းကစပြီး တားမြစ်ချက်တွေ အားလုံးကို ဖယ်ရှားချိန်မှာ ပိုးတွေ့ရှိသူ အရေအတွက် များပြားလာတာကို တွေ့ရပါတယ်။

 

 

MDN

ကိုးကား- AFP