ဩဂုတ် ၈
စပိန်နိုင်ငံသို့လာရောက်လည်ပတ်သော တရုတ်ခရီးသွားဦးရေသည် ယခုနှစ်ပထမခြောက်လအတွင်း ၄၂၀ ရာခိုင်နှုန်းပိုမိုမြင့်တက်လာကြောင်း စပိန်ခရီးသွားအေဂျင်စီ၏ ယမန်နေ့က ထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ်ပထမနှစ်ဝက်အတွင်း စပိန်နိုင်ငံသို့ တရုတ်ခရီးသွား ၁၃၅၇၁၅ ဦးလာရောက်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှဇွန်လအတွင်း ခရီးသွားဦးရေ ၂၆၀၈၅ ဦးလာရောက်ကြောင်း ဖော်ပြထားသည်။
စပိန်နိုင်ငံ၏ ခေတ္တ စက်မှု၊ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးဝန်ကြီး ဟတ်တာဂိုမက်ဇ်က တရုတ်ခရီးသွားများ များပြားစွာလာရောက်ခြင်းကို ကြိုဆောင်ပါကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများဖြစ်ပွားပြီးနောက် တရုတ်ခရီးသွားများ စပိန်နိုင်ငံသို့လာရောက်ခြင်းသည် သတင်းကောင်းဖြစ်ကြောင်း ပြောကြားသည်။
ယခုနှစ်ဒုတိယနှစ်ဝက်တွင် စပိန်နှင့်တရုတ်နိုင်ငံတို့အကြား လေကြောင်းလိုင်းအရေအတွက် ပိုမိုများပြားလာမည်ဟု ၎င်းကဆိုသည်။
၂၀၁၉ ခုနှစ် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမဖြစ်ပွားမီအချိန်က စပိန်နိုင်ငံသို့လာရောက်သော ခရီးသွားဦးရေ ၇၀၀၇၅၀ ရှိကြောင်း စပိန်စာရင်းအင်းရုံးက ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို