မက်ဒရစ် ၂၇ ဩဂုတ်
စပိန်နိုင်ငံ မာဂျိုကာကျွန်းပေါ်တွင် လေယာဉ်ငယ်တစ်စင်းနှင့် ရဟတ်ယာဉ်တစ်စင်းတို့ တိုက်မိခဲ့ကြရာ လူခုနစ်ဦး သေဆုံးခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။
အဆိုပါ မတော်တဆမှုသည် အင်ကာမြို့အနီး မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့သည်။ လေယာဉ်နှင့်ရဟတ်ယာဉ် တိုက်မိခဲ့ပြီးနောက် အဆိုပါနှစ်စင်းစလုံးသည် မြေပြင်ပေါ်သို့ ပျက်ကျသွားခဲ့ပြီး မီးလောင်ကျွမ်းခဲ့သည်။ အနီးဝန်းကျင်ရှိ ပြည်သူတစ်ဦး တစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိခဲ့ပေ။ ဒေသခံပြည်သူများက လာရောက်မီးငြှိမ်းသတ်ပေးခဲ့ကြ ကြောင်း သိရသည်။
အဆိုပါဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေသန္တရအာဏာပိုင်များက ဆိုသည်။
လေယာဉ်ငယ်နှင့် ရဟတ်ယာဉ်တို့ တိုက်မိစဉ်တွင် ၎င်းတို့သည် အမြင့်ပေ ၁၀ဝဝ အောက်တွင် ပျံသန်းခဲ့ကြသည်။ အဆိုပါ အမြင့်ပေသည် ဝေဟင်လေကြောင်းအချက်ပေး သတ်မှတ်နှုန်းထား၏ ပြင်ပတွင် ရှိခဲ့သည်ဟု ဒေသန္တရသတင်းဌာနများက သတင်းရေးသား ကြသည်။
ကိုးကား-သည်နယူးယောက်တိုင်းမ်
ဘာသာပြန်-အောင်ကျော်ကျော်