၁၄ ဇန်နဝါရီ
စပိန်နိုင်ငံတွင် တစ်ရက်လျှင် လူပေါင်း ၆၇၀၀၀ ကျော်ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေကြောင်း ကျန်းမာရေးဝန်ကြီး ဆေဗာဒါ အယ်လာက ယမန်နေ့က ပြောကြားခဲ့သည်။
အဆိုပါရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် အတွေ့အကြုံများကို မျှဝေပေးနေသည့် အခြား ဉရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများမှ ကျန်းမာရေး ဝန်ကြီးများနှင့် ဗွီဒီယိုကွန်ဖရင့် တစ်ခုတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
Pfizer-BioNTech ရောဂါ ကာကွယ်ဆေးကို ဇန်နဝါရီ ၁၈ ရက်တွင် ဒုတိယ အကြိမ်မြောက် ထိုးနှံရန် ရည်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။
စပိန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၁၇၆၀၈၉ ဦးရှိပြီး ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၅၂၈၇၈ ဦး ရှိသည်။ Pfizer ကာကွယ်ဆေး ပမာဏ ၁၁၀၃၇၀၀ အနက် ၅၈၁၆၃၈ ကို ကာကွယ်ဆေး ထိုးနှံပြီးဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၂၃၆ မျိုး ထုတ်လုပ်နေဆဲ ဖြစ်သည်။၎င်းတို့အနက် ၆၃ မျိုးကို ဂျာမနီ၊ တရုတ်၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံများတွင် လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဇန်နဝါရီ ၁၂ ရက်က ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို