mdn

၁၈ ဇူလိုင်

 

စပါးအသင်းနည်းပြ ပိုချက်တီနို၏ သားဖြစ်သူ မော်ရီဇီယိုပိုချက်တီနိုသည် ဖခင်ရှိရာ စပါးအသင်းနှင့် စာချုပ်တစ်ရပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။

 

အသက် (၁၈) နှစ်အရွယ်ရှိ မော်ရီဇီယိုပိုချက်တီနိုသည် စပါးအသင်းနှင့် စာချုပ်သစ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး နောက် ဖခင်ဖြစ်သူနှင့် တွဲရိုက်ထားသည့်ဓာတ်ပုံတစ်ပုံကိုလည်း ဝက်ဘ်ဆိုက်၌ တင်ထားခဲ့သည်။ တောင်ပံကစားသမား မော်ရီဇီယိုပိုချက်တီနိုအား လွန်ခဲ့သည့်လေးနှစ်တာကာလအတွင်းက ဆောက်သမ်တန်အသင်းထံမှ စပါးအသင်းက ခေါ်ယူခဲ့ခြင်းဖြစ်သည်။ တောင်ပံကစားသမား မော်ရီဇီယိုပိုချက်တီနိုသည် အသက် (၁၈) နှစ်အောက် ပရီမီယာလိဂ်ပြိုင်ပွဲတွင် စပါးလူငယ်အသင်းနှင့် အတူ စုစုပေါင်း ၂၁ ပွဲအထိ ပါဝင်ကစားပေးထားပြီးလည်းဖြစ်သည်။

 

လက်ရှိအချိန်မှာ အသက် (၂၃) နှစ်အောက် စပါးအသင်းတွင် ပါဝင်ကစားခွင့်ရရှိမည်ဖြစ်ပြီး အစ်ဆွစ် အသင်း၊ ဂီလင်ဂမ်အသင်း၊ ကိုလ်ချက်စတာအသင်းတို့နှင့် ကစားမည့် အီးအက်ဖ်အယ်လ်ဖလားပြိုင်ပွဲ တွင် ပါဝင်ကစားခွင့်ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

 

ငွေကြယ်