ပုလော ၁၅ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာအုပ်စု၊ စပူပြင်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့် အိမ်ထောင်စုများအား ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲက ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ရာတွင် မြိတ်ခရိုင်၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက မီးဘေးသင့် အိမ်ထောင်တစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ပလတ်စတစ်ပုံး တစ်ပုံး၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ တစ်သိန်းကျပ်နှင့် ဆန်ရိက္ခာတန်ဖိုးငွေ ကျပ် ၆၃၀၀ တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ တောင်ယာကမ်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးသိန်းနိုင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ထူးဝေယံ(ပြန်/ဆက်)