ရန်ကုန်  ၁၉  နိုဝင်ဘာ 

 

ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြုလုပ်သော Cinema theque Program ၏ ကဏ္ဍခွဲတစ်ခု ဖြစ်သည့် ရုပ်ရှင်ဇာတ်ကား အပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းကို ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အမှတ်(၅၀)၊ ရွှေတောင်ကြားလမ်း၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၊ ရုပ်ရှင် အနုပညာရပ်ဝန်း၊ ရုပ်ရှင်ပြခန်းမ၌ နိုဝင်ဘာ ၂၅   ရက် မွန်းလွဲ ၁၂ နာရီမှ ညနေ ၄ နာရီ အထိ ကျင်းပပြုလုပ်မည် ဖြစ်သည်။

 

ယင်းအစီအစဉ်တွင် Art House Film အမျိုးအစားဖြစ်သည့် ၂၀၁၁ ခုနှစ်တွင် (၆၁)ကြိမ်မြောက် ဂျာမနီနိုင်ငံ Berlin International Film Festival ၌ Jury Grand Prix ဆုရရှိခဲ့၍ ဒါရိုက်တာ Béla Tarr  ရိုက်ကူးခဲ့သည့် “The Turin Horse ” ရုပ်ရှင် ဇာတ်ကားကို ပြသမည်ဖြစ်ပြီး ၎င်းဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းနှင့် Film and philosophy အကြောင်း ကို ဇာတ်ညွှန်းရေးဆရာ ဒေါက်တာအောင်မင်းက သုံးသပ် ဆွေးနွေးမည်ဖြစ်ပြီး စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြသည်။ 

 

(သတင်းစဉ်)