စတုတ္ထနေ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ယနေ့ ဖြေဆိုသော ဓာတုဗေဒဘာသာ အနည်းငယ် ခက်ခဲ

နေပြည်တော် ၁၂ မတ်

 

ဒီနေ့မှာ ဖြေဆိုတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဓာတုဗေဒ ဘာသာရပ်သည် အနည်းငယ် ခက်ခဲတယ်လို ကျောင်းသူ ကျောင်းသား အချို့က ခုလိုပြောပါတယ်။

 

“မရတဲ့ဟာပါတော့ ခက်တယ်လို့ထင်တာပေါ့ ကျန်တဲ့သူတွေကတော့ လွယ်တာပေါ့ နောက်ပြီး ၂ မှတ်တန် မေးခွန်တွေ ၄ မှတ်တန်မေးခွန်တွေ သတ်တာတော့ နည်းနည်းရှိပါတယ် “ ဟု တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုနေသည့် မဖြိုးဟန်စိုးကပြောသည်။

 

ဓာတုဗေဒ ဘာသာရပ်အပြင် သင်္ချာဘာသာလည်း အနည်းငယ် ခက်ခဲကာ ဂုဏ်ထူးမှတ် မှန်းထားသော်လည်း အောင်မှတ်လောက်သာ ရနိုင်တယ်လို့ သိရပါတယ်။

 

“သင်္ချာတုန်းကတော့ တော်တော်ခက်တယ် မသင်ရတဲ့ မေးခွန်းတွေကောပါတယ် ဂုဏ်ထူးမှတ် မှန်းထားတာတောင် အောင်မှတ်ရအောင် မနည်းဖြေရတယ်” ဟု တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုနေသည့် မကေဇင်ဖြိုးကပြောသည်။

 

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုနေတဲ့ ကျောင်းသူကျောင်းသား မိဘများအနေနှင့်လည်း သူတို့ အမြင်ကို ခုလိုပြောပြထားပါတယ်။

 

“တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုတာ ဘဝရဲ့အချိုးအကွေ့လေ သူတို့ကိုဂရုစိုက်ပြီး လုပ်ပေးရတယ်။ ဒီနေ့ဖြေတဲ့ ဘာသာ(ဓာတု)ဆို သမီးကပြောလာတယ် ခက်တယ်တယ့် မသင်တဲ့ စာတွေပါလာတယ်တဲ့ ကျွန်မလဲတော်တော် ဖြေမှဖြေနိုင်ရဲ့လားဆိုပြီး စိတ်ပူရတယ်ပေါ့” ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သူ မသူဇာမြင့် ကပြောပြသည်။

 

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝန်းတန်းစာမေးပွဲကို မတ်လ ၇ ရက်နေ့မှ စတင်ဖြေဆိုခဲ့ပါတယ်။

 

ယခုနှစ်တွင် မြန်မာတစ်ပြည်လုံး၌  တက္ကသိုလ်ဝင် စာမေးပွဲကို ဖြေဆိုသူ ရှစ်သိန်းကျော်  ဝင်ရောက်ဖြေဆို ခဲ့ကြတယ်လို့ သိရပါတယ်။

MDN