စုကလိ   ၂၁   နိုဝင်ဘာ

 

CERP (Covid Economic Relief Plan) အစီအစဉ်ဖြင့် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ ဆုံဆည်းမြိုင်ကျေးရွာတွင် စိုက်ပျိုးသည့်(CS-RS)ဆင်းသုခ မျိုးစေ့ထုတ် ၅ ဧက စိုက်ခင်းအား စံကွက် ရိတ်သိမ်းခြင်းကို  ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ရိတ်သိမ်းရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ စုကလိမြို့ဦးစီးမှူး ဦးဇော်သန်းဦးနှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဇေယျာမြင့်နှင့် ဝန်ထမ်းများ၊ ဆုံဆည်းမြိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးမန်းဝင်းလှိုင်နှင့် ကျေးရွာ အုပ်စုစာရေးဦးစိုးမိုးကျော်၊ အကျိုးဆောင်တောင်သူကြီးများ၊ ကွင်းတာဝန်ခံများက ပူးပေါင်းဆောင်ရွက်ပြီး စပါးနေလှမ်းအခြောက်ခံခြင်း၊ အစိုဓာတ်ပါဝင်မှု တိုင်းတာခြင်း၊ ဆန်နီ ပါဝင်မှုတိုင်းတာခြင်းတို့ကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ (CS-RS)ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်းများ ရိတ်သိမ်းခဲ့ရာတွင် တောင်သူဦးဖားကောနော၏ စံပြကွက်စိုက်ခင်းတွင် တစ်ဧကပျမ်းမျှ အစိုအထွက် (၈၃.၉၀)တင်းနှင့် အခြောက်အထွက် (၇၇.၉၃)တင်းထွက်ရှိကြောင်း စုကလိမြို့စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 

ဇော်နိုင်လင်း(ပြန်/ဆက်)